Mell Myanmar Terms and Condition

  1. Mell Myanmar မှ ကြိုဆိုပါသည်။ Mell Myanmar တွင် အသင်းဝင်ခြင်းအားဖြင့် အောက်ဖော်ပြပါ စည်းကမ်းများနှင့် လိုက်ရမည့်အချက်များကို အလိုအလျောက် သိရှိ၊ နားလည် သဘောပေါက်ပြီး အသင်းဝင်ကိုယ်တိုင်မှ သဘောတူညီမှု ရှိရပါမည်။
  2. ဖော်ပြပါအချက်များအားလုံးကို Mell Myanmar မှ အချိန်အခါမရွေး ပြင်ဆင် ပြောင်းလဲနိုင်ပါသည်။
  3. ယခုစည်းကမ်းချက်များနှင့် လိုက်နာရမည့်အချက်အလက်များကို ပြင်ဆင်ပြောင်းလဲသည့်အချိန်တိုင်းတွင် Mell Myanmar မှ အကြောင်းကြားပေးမည်ဖြစ်သော်လည်း သင်ကိုယ်တိုင် ၀င်ရောက်ကြည့်ရှုရန်လိုအပ်ပါသည်။ အကြောင်းကြားမှုကို မတွေ့မိလျှင်ဖြစ်စေ၊ မရရှိလျှင်ဖြစ်စေ ပြောင်းလဲခြင်းသည် အတည်ဖြစ်ပါသည်။
  4. Mell Myanmar အကြောင်း

  5. Mell Myanmar သည် မိမိတို့၏သဘောထားအမြင်များကိုပွင့်လင်းစွာ၊လုံခြုံစိတ်ချစွာနှင့် လျှို့ဝှက်စွာ ဝေမျှဆွေးနွေးနိုင်သော လူထုအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
  6. Mell Myanmar သည် စျေးကွက် သုတေသန စစ်တမ်းများကို ပါ၀င်ဖြေဆိုနိုင်သော နေရာတစ်ခုလည်းဖြစ်သည်။
  7. Mell Myanmar အဖွဲ့ဝင်များသည် မေးမယ်၊ဖြေမယ် ကဏ္ဍတွင် ပါ၀င် ဖြေဆို၊ မေးမြန်းနိုင်မည်ဖြစ်သည်။
  8. စစ်တမ်းများ ကဏ္ဍတွင်လဲ ၀င်ရောက် ပါ၀င်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။
  9. Mell Myanmar သည် စည်းကမ်းပြည့်ဝပြီး စစ်မှန်သော လူထုအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ သင်၏ ခံယူချက်များ၊ အမြင်များနှင့် ပြောဆိုဆွေးနွေးလိုသည်များကို ကုန်ပစ္စည်းထုတ်လုပ် ရောင်းချသူများ၊ ၀န်ဆောင်မှု ပေးနေသော ထိပ်တန်း ကုမ္ပဏီများ ထံသို့ အရောက်ပို့ဆောင်ပေးနိုင်သောလူထုအဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။
  10. Mell Myanmar အကောင့်ဖွင့်ပြီး အသင်းဝင်ခြင်း

  11. Mell Myanmar သို့ အဖွဲ့ဝင်ရန် ၀င်ကြေးသည် ထာဝရ အခမဲ့ဖြစ်ပါသည်။
  12. အဖွဲ့ဝင်ရန်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။ အဖွဲ့ဝင်ရန် သဘောတူလျှင် သင်ကိုယ်တိုင် ၁၈ နှစ်ပြည့်ပြီးဟု ကတိကဝတ် အလိုအလျောက် ပြုပြီးဖြစ်ပါသည်။
  13. Mell Myanmar အဖွဲ့ဝင် တစ်ဦးဖြစ်လာရန်အတွက် လိုအပ်သော ကိုယ်ရေးအချက်အလက်များကို ပြည့်စုံ မှန်ကန်စွာ ဖြည့်ရန်လိုအပ်ပါသည်။ Mell Myanmar မှ လည်း လိုအပ်သည့်အချိန်တိုင်း ပြည်လည်စစ်ဆေးမည်ဖြစ်ပြီး မှန်ကန်မှုမရှိသော၊ အငြင်းပွားဖွယ်ဖြစ်သော ကိစ္စရပ်အားလုံးအတွက် Mell Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည််ဖြစ်သည်ဟု သိရှိထားရပါမည်။
  14. Mell Myanmar အဖွဲ့ဝင်တစ်ဦးသည် အကောင့် ၂ ခု ဖွင့်ခွင့် မရှိပါ။
  15. Mell Myanmar အဖွဲ့ဝင် အကောင့်အသစ်ကို သူတစ်ပါးအတွက် ဖွင့်ပေးခြင်း လုံးဝမပြုလုပ်ရပါ။
  16. သင့်အကောင့် ပျက်စီးခြင်း၊ လျှို့ဝှက်နံပါတ် ပျောက်ခြင်း၊ သူတစ်ပါးမှ ခိုးယူခြင်း စသည်တို့အတွက် Mell Myanmar မှလုံးဝတာဝန်ယူမည်မဟုတ်ပါ။ သင်၏ ကိုယ်ပိုင် ဖုန်းနံပါတ်ကိုမှန်ကန်စွာ ထည့်သွင်းထားခြင်းဖြင့် ထိုကဲ့သို့ ပျောက်ဆုံးမှုများကို ပြန်လည်စစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်သည်။
  17. စစ်တမ်းများ

  18. Mell Myanmar သို့ အဖွဲ့ဝင်ခြင်းဖြင့် အချိန်အခါအလျောက် သင်နှင့် သင့်လျော်သော စစ်တမ်းများကို ပါ၀င်ဖြေဆိုခွင့် ရရှိမည်ဖြစ်ပြီး စစ်တမ်းအလျောက် Mell Point များကို သင့် အကောင့်တွင် ရရှိမည်ဖြစ်ပါသည်။
  19. စစ်တမ်းကဏ္ဍတွင် မေးမြန်းသော အကြောင်းအရာများအား Mell Myanmar အဖွဲ့များသည် အခြားသူများကို ပြခြင်း၊ ပြန်ပြောခြင်း၊ ဖေ့စ်ဘွတ် စာမျက်နှာနှင့် အခြား လူမှုကွန်ယက်များတွင် မျှဝေခြင်း တို့ကို လုံးဝ ဆောင်ရွက်ခြင်း မပြုလုပ်ရပါ။ မိမိသာလျှင် သိရှိပါ၀င်ရမည်ဖြစ်ပြီး Mell Myanmar အဖွဲ့ဝင်အနေဖြင့် လျှို့ဝှက်စွာ ထိန်းသိမ်းထားရမည်ဖြစ်သည်။
  20. အဖွဲ့ဝင်သည် မားကတ်တင်း (သို့မဟုတ်) စျေးကွက်သုတေသန (သို့မဟုတ်) သက်ဆိုင်ရာ ကုန်ပစ္စည်း/၀န်ဆောင်မှုနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်နေသူ (သို့မဟုတ်) လုပ်ကိုင်နေသူနှင့် နီးစပ်သူဖြစ်ပါက စစ်တမ်းများတွင် ပါ၀င်ဖြေဆိုခွင့် ရမည်မဟုတ်ပါ။
  21. စျေးကွက် သုတေသနလုပ်ထုံးလုပ်နည်း အရ Mell Myanmar သည် ကန့်သတ်လျှို့ဝှက်ထားသော သတင်းအချက်အလက်များ၊ ရုပ်ပုံများ၊ ဗွီဒီယိုများ အား သင့်အားပြသ မေးမြန်းနိုင်မည်ဖြစ်သည်။ ၎င်းကန့်သတ် လျှို့ဝှက်ထားသော သတင်းအချက်အလက်များတွင် စျေးကွက်အတွင်း ဖြန့်ဝေမှု မလုပ်ရသေးသော ကုန်ပစ္စည်းများ/၀န်ဆောင်မှုများ၊ ကုန်ပစ္စည်း/၀န်ဆောင်မှုများ၏Concepts များ ၊ ကြော်ငြာများ စသည်တို့ ပါ၀င်နိုင်ပါသည်။ အကယ်၍ ၎င်းစည်းကမ်းချက်များအား ချိုးဖောက်လျှင် သင့်အနေဖြင့် Mell Myanmar ၏ ပိုင်ဆိုင်မှုများအား ဖျက်ဆီးရာ ရောက်ပြီး လိုအပ်ပါက တရားမလမ်းကြောင်းအရ တရားရင်ဆိုင်ရနိုင်ပါသည်။
  22. Mell Point များ

  23. မေးမယ် ဖြေမယ် ကဏ္ဍနှင့် စစ်တမ်းများ ကဏ္ဍတွင် ပါ၀င်ခြင်းဖြင့် Mell Point များကို ရယူ စုဆောင်းနိုင်ပါသည်။
  24. သင်ရရှိသော Mell များကို အခါအားလျော်စွာ ကံစမ်းနိုင်ခြင်း၊ လက်ဆောင် ပစ္စည်းများဖြင့် လဲလှယ်နိုင်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့သော ဆောင်ရွက်မှုတိုင်းအတွက် လိုအပ်သော ဆုံးဖြတ်ချက်သည် Mell Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။
  25. Mell Point များသည် မည်သည့် ငွေသား အမျိုးအစား (သို့မဟုတ်) ငွေသားတန်ဖိုး ပမာဏနှင့်မှ မညီမျှပါ။ Mell Point များကို မည်သည့်အချိန်မှာမှ ငွေသားအဖြစ် ထုတ်ပေးမည်မဟုတ်ပါ။
  26. Mell Myanmar သည် လောင်းကစားနည်း တစ်ခုမဟုတ်ပါ။
  27. မေးမယ် ဖြေမယ်

  28. မေးမယ်၊ ဖြေမယ် ကဏ္ဍတွင် သင် မေးမြန်းသော မေးခွန်းအတွက် အကျိုးဆက် အားလုံးကို သင်ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်သည်။ သင့် မေးခွန်းအား သင့်လျော်မှုမရှိလျှင်သော်လည်းကောင်း၊ တစ်စုံတစ်ရာအား ထိခိုက်မှု ရှိနေလျှင်သော်လည်းကောင်း Mell Myanmar မှ အချိန်မရွေး ဖယ်ရှားပစ်နိုင်သည်။
  29. Mell Myanmar မှ အဖွဲ့ဝင်တစ်ဦးချင်းစီအား လုပ်ဆောင်ချက်များနှင့် Mell Point များ မှန်ကန်မှု ရှိ/မရှိ စောင့်ကြည့်နိုင်ရန် လုပ်ပိုင်ခွင့် အပြည့်အဝ ရှိသည်။ အကယ်၍ သင်သည် အဖွဲ့ဝင်ကျင့်ဝတ်ကို ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ Mell Myanmar ၏ အကျိုးစီးပွားကို ဖျက်ဆီးသည်ဟု ယူဆလျှင်သော်လည်းကောင်း ဥပဒေကြောင်းအရ လိမ်လည်မှုမြောက်နိုင်ပါသည်။ ထိုသို့ တွေ့ရှိပါက သင်၏ အကောင့်အား ပိတ်ပင်မည့်အပြင် Mell Point များကို လည်း ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။
  30. အသုံးပြုသူသည် Mell Myanmar အကောင့်အား အချိန်မရွေး ဖျက်သိမ်းနိုင်သည်။ ထိုသို့ ဖျက်သိမ်းရန် Mell Myanmar အီးမေးလ် ( contact@xavey.com ) သို့ဖြစ်စေ ဖုန်းနံပါတ် ( ) သို့ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ ဖျက်သိမ်းခြင်းသည် Mell Point များအား ဖျက်သိမ်းခြင်းနှင့် တူညီသည်။ အကောင့်ပြန်ဖွင့်သော်လည်း Mell Point များ ပြန်လည် ရရှိမည်မဟုတ်ပါ။
  31. ဆုလက်ဆောင်များ

  32. ဆုလက်ဆောင်များကို လဲလှယ်ရာတွင် ဆက်သွယ်နိုင်ရန်အတွက် Mell App ထဲရှိ မိမိ Profile ကို ပြည့်စုံစွာ ဖြည့်ထားပေးရပါမည်။
  33. ဆုမဲများကို Mell Myanmar ကုမ္ပဏီမှမိသားစုဝင်များ ပါ၀င်ခွင့်မရှိပါ။
  34. Mell Points များကိုမရိုးသားသောနည်းလမ်းဖြင့် ရယူခြင်းအားတွေ့ ရှိပါက အဆိုပါအကောင့်အားပိတ်မည်ဖြစ်သလို ဆုလက်ဆောင်များ ရယူခံစားခွင့်ရှိမည်မဟုတ်ပါ။
  35. ဆုလက်ဆောင်လဲလှယ်ရာတွင် အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက (Mell Myanmar Application ကို ထုတ်လုပ်သော Xavey Myanmar Co., Ltd.) ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

Contact

Location: Xavey Myanmar Ltd, Yangon, Myanmar

Email: contact@xavey.com

Facebook   Twitter